မူဝါဒ

မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၏ မူဝါဒများ

မြန်မာ့ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းသည် အောက်ပါအတိုင်း မူဝါဒများချမှတ်     ဆောင်ရွက်လျှက်ရှိပါသည်-

(က)    ဌာနပိုင် ပုလဲမွေးမြူထုတ်လုပ်ရေး ကျွန်းစခန်းများအနေဖြင့် ပုလဲအရည် အသွေး     များတိုးတက် ကောင်းမွန်လာစေရန် လေ့ကျင့်ရေးနှင့် သုတေသန လုပ်ငန်းများကို     ဦးစားပေးလုပ်ကိုင် ဆောင်ရွက်ခြင်း၊   

( ခ)    ပုလဲထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းဖြစ်သော သားဖောက် မုတ်ကောင် များကို     ရှင်ကျန်နှုန်း မြင့်မားအောင်ဆောင်ရွက်ပြီး ပုလဲပိုက် မုတ်ကောင်များအား ရေသေနှုန်း     နည်းပါးအောင် ဆောင်ရွက်ခြင်း၊ 

( ဂ)    ဌာနအနေဖြင့် ကုမ္ပဏီများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေး၍ နိုင်ငံတကာ     နည်းပညာနှင့် လုပ်နည်းစနစ်များကို ဖြန့်ဝေပေးခြင်း၊ 

(ဃ)    ပုလဲထုတ်လုပ်မှုသည် သက်ရှိမုတ်ကောင်များနှင့် လုပ်ကိုင် ဆောင်ရွက် ရသဖြင့်     ပြောင်းလဲ လာသော ရာသီဥတု အခြေအနေများနှင့် လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲ     မွေးမြူနိုင်ရေး စီမံ ဆောင်ရွက်ခြင်း၊  

(င)    မြန်မာကျပ်ငွေဖြင့် ပြည်တွင်း ပုလဲရောင်းချပွဲများ ၊ နိုင်ငံခြားငွေ (ယူရို) ဖြင့်ကျောက်မျက် ရတနာရောင်းပွဲများတွင် အရည်အသွေးပြည့်မီသည့် ပုလဲများ တိုးမြှင့်ရောင်းချနိုင်ရေး    ဆောင်ရွက်ခြင်း။

Myanmar Pearl